Showing posts with label ပန်းအိဖြူရဲ့အခန်းလေး. Show all posts
Showing posts with label ပန်းအိဖြူရဲ့အခန်းလေး. Show all posts

Saturday, February 9, 2013

ဦးသပြေ အမှတ်တရ








ဖေကြီး ရေ ...
ဘယ်တွေရောက်နေပြီလဲ ဟင် ....

ဖေတွက်နာကျင်စရာတွေနဲ့ပဲ ပြည့်နှက်နေတဲ့ ဖေ့ရဲ့ ဇာတိချက်
ကြွေမွးရပ်မြေလေးက ငယ်သူငယ်ချင်းတွေဆီ သွားလည်နေခဲလား။

ဒါမှမဟုတ် ဖေကြီးတို့မိသားစုလေးပျော်ပျော်ရွှင်ရွှင်နေခဲ့တဲ့နယ်က
အိမ်အိုလေးဆီ အလွမ်းပြေသွားနေခဲ့တာလား။

ဖေကြီးပန်းချီတွေဆွဲခဲစဉ် အချိန်တွေတုန်းက တအိုးထဲတူတူစားခဲ့
ကြတဲ့ဇတ်ထဲကသူငယ်ချင်းတွေဆီရောက်နေခဲ့လား။

 ပြီးတော့ဖေကြီးသိပ်လိုက်ချင်တဲ့ဖေကြီးသမီးလေးသီချင်းဆိုတဲ့
နေရာတွေရောလိုက်ကြည့်ဖြစ်သေးလားဖေ။

သားမမြင်ရတဲ့နေရာမှာဖေကြီးတစ်ယောက်ထဲ အဆင်ပြေရဲ့လား
ဖေကြီးရယ်။ အရင်လိုပဲအားငယ်နေလားဟင်။

 ဖေပြောတော့ သမီလေး ဖေ့ကိုပစ်မထားနဲ့နော် ဖေကအွန်လိုင်းမှာ
ဘယ်သူနဲမှသိပ်ပြောဖြစ် တာမဟုတ်ဖူး သမီးလေး အားမယ်အချိန်
လောက်မှန်းပြီးအွန်လိုင်း တက်တာ ဆိုပြီး။ ခုတော့အွန်လိုင်းမှာတား
တစ်ယောက်ထဲ အူကြောင်ကြောင်နဲ့။


သမီး ( ၇ ) လပိုင်းပန်လာမှာကို ဖေကြီး နဲရန်နောင်ကခုထဲကတွေး
ပြီး ပျာ်နေတာသမီးရဲ့ သမီးပြန်လာရင် ဖေတို့သားအဖတွေ ရွှေတိဂုံ 
ဘုရားမှာတစ်လေုံ့းသွားထိုင်ကြမယ် ...စကားတွေအများကြီး
ပြောကြမယ်... မြန်မာပြည်မှာ ၅ ရက်နေမှာဆိုဖေ့ကို သမီးရဲ့ အချိန်
တစ်ရက်ပေးရမယ်ဆိုပြီး ကတိလည်းမတည်ခဲဖူးနော်။


ဘာပဲဖြစ်ဖြစ်ပါ... မေ့ကိုသမီးရင်းလေးတစ်ယောက်လိုချစ်ပြီး
စောင့်ရှောက်ပေးခဲ့တဲ့တွက်ကျေးဇူးပါဖေကြီးရေ...မေမ့မှာ
မဟုတ်ပါဖူး။ မေလဲအသက်အကြာကြီးရှည်ချင်မှရှည်မှာပါ... မေတို
သားအဖနောင်ဘ၀ကျတောမှ ဒိ့ထက်အကြာကြီးပျော်ပျော်ရွှင်ရွှင်
နေကြမယ်နော်ဖေ ။ မေကတိပေးပါတယ် က ဖေကြီးကို
စောင့်ရှောက်မှာပါ။ 

 ခုတော့အေးချမ်းစွားအနားယူပါတော့ဖေရေ ပင်ပန်းလှပီလေ ......။
 ဖေကြီးအဆင်ပြေပါစေ။


မေ တတ်နိုင်သလောက်လေးနဲ့ဖေကြီးရဲရက်လည်မှာ ညီမလေးပန်း
အိ လေးကိုဖုန်းဆက်အကူညီတောင်းပြီး  ပါဝင်ခွင်ရတဲ့အလှူလေး
( သင်္ကန်းတစ်စုံ )အတွက ဖေကြီးကိုအမျှဝေပါတယ်...

ပြီးတော့ဖေကြီး ဈာပန နေ့က ကိုရန်နောင် မှတဆင့် အသုဘရှု
ကြွလာတဲ့ ဖေကြီးတို့မိသားစု ဆရာတော်  ကို ဖေ့ရက်လည်အတွက်
လှူခဲ့တဲ့ဝတ္ထုငွေ  အတွက်လဲဖေကြီး ကိုအမျှဝေပါတယ်...

  

ပြီးတော့ ဖေဖေနဲ့ဖေကြီးအတွက်ရည်စူးပြီး အွန်လိုင်းလေထန်ကုန်း
ညီကိုများဦးစီးတဲဘုန်းတော်ကြီးသင် စာသင်ကျောင်းမှခလေးများ
 ရဲ့ ဗိုလ်ချုမွေးနေ့လော့ရေး ခရီးအတွက် မေလှူတဲအလှူကို
လည်း ဖေကြီးကိုရည်စူးအမျှပေးဝေပါတယ်ဖေရယ် ...။

တေးသီငှက် မှ မမေသန့်ဇင် (Autumn Mtz) နှင်.မောင်နှမများက ဖေဖေဦးသန့်ဇင်နှင့် ဖေသပြေ(ဦးအောင်ဝင်း) အားရည်စူးပြီး အလှူတော်ငွေအနေနဲ့ ကြာဇံကြော်နှင့်အထွေထွေအတွက် အလှူတော်ငွေ ငါးထောင် နှင့် ကလေးများမုန့်ဖိုးအတွက် အလှူတော်ငွေ ငါးထောင် စုစုပေါင်း တစ်သောင်းကျပ်ပေးလှူကြောင်း သတင်းရရှိပါသည်ခင်ဗျား.... ကျေးဇူးအထူးတင်ရှိပါသည်....
  
အမျှ  .... အမျှ ....  အမျှ .... ရပါစေ    ဖေကြီးရေ....
ရောက်ရာဘုံ ဘ၀ ကနေ သာဓု......ခေါ်ပါ .....
ဖေကြီးကောင်းရာသုဂတိရောက်ပါစေ ....။

                                                                             ချစ်သမီး
                                                                                 မေ 

ဘလော့ကာမောင်နှမများရှင် အော်တန့်မွေးစားအဖေပါ .... 
အဖေရင်းကကွယ်လွန်သွားတာ ၆နှစ်ကျော်ပါပြီ

Thursday, February 7, 2013

ဖေကြီးသပြေရေးခဲ့တဲ့ကဗျာလေး...။


ဆန္ဒ ....








သေမယ့်ရက်ကိုတွက်ရေလက်ချိုး
အဘိုးကြီးတစ်ယောက်
နောက်ဆုံးရက်ဟာ
မဝေးတော့ပါဘူး။

မသေခင်လေး
နိဗ္ဗန်ဝေးပါတယ်
မတောင့်တပါဘူး...။

လိုချင်တာလေးတစ်ခု
တောင်းဆုပြုချင်တယ်
ငါ့ကိုမသေခင်လေး
ကြင်နာပေးကြပါ...။

                                                   သပြေ(အောင်ဝင်း)

 

Thursday, January 3, 2013

၂၀၁၂-ခုနှစ်



၂၀၁၂ -မှာနောက်ဆုံးထွက်ရှိထားတဲ့ခွေလေးပါ.ဂီတစာဆို မောင်ကြေးမုံရဲ့ သီချင်းတွေချည်းစုစည်းထုတ်ဝေထားတဲ့ ၃ကြိမ်မြောက်ခွေလေးဖြစ်ပါတယ်

Tuesday, December 25, 2012

၂၀၁၀-ခုနှစ်



၂၀၁၀မှာပဲ ကိုကြီးဖိုးသောကြာနဲ့စုံတွဲခွေထပ်ထုပ်ခဲ့ပါတယ်

၂၀၁၀-ခုနှစ်




၂၀၁၀ ခုနှစ်မှာ "ချစ်သူအလွမ်းတေး" ဆိုတဲ့ ကိုယ်ပိုင်သံစဉ်သီချင်းအသစ်လေးတွေ ဆိုထားတဲ့ အခွေလေးထွက်ခဲ့ပါတယ်။

၂၀၀၉-ခုနှစ်



၂၀၀၉ ခုနှစ်မှာတော့ "လင်္ကာဒီပအရှင် သူလိုလူ"ဆိုတဲ့အခွေလေးထွက်ခဲ့ပါတယ်။

၂၀၀၇-ခုနှစ်




၂၀၀၇ ခုနှစ်မှာတော့ "စံပယ်မင်းသံစဉ် ဂန္တ္လ၀င်" ဆိုတဲ့အခွေလေးထွက်ခဲ့ပါတယ်။

၂၀၀၆-ခုနှစ်




ပရိသတ်တွေ ရင်ထဲမှာ နေရာလေးတစ်နေရာ အခိုင်အမာ ရရှိစေခဲ့တဲ့ အခွေလေးကတော့ "အညာသူလေးရဲ့ပန်းစကားပါ"။၂၀၀၆ မှာထွက်ခဲ့ပါတယ်။

၂၀၀၅-ခုနှစ်




၂၀၀၅ ခုနှစ်မှာတော့ "ပန်းသီပိုးကြိုး" ဆိုတဲ့ အခွေလေးထွက်ခဲ့ပါတယ်။ဒီအခွေလေးထဲမှာ "စိတ်မပျက်ပါနဲ့မောင်" ဆိုတဲ့သီချင်းလေးက သီချင်းအသစ်လေးပါ။

၂၀၀၅-ခုနှစ်




၂၀၀၅ ခုနှစ်မှာတော့ ကိုကြီး ဗညားဟန်နဲ့ သင်္ကြန်သီချင်းခွေလေး ထွက်ခဲ့ပါတယ်။"ရွှေပိတောက်နဲ့ အကြိုထောက်မယ်"တဲ့။

၂၀၀၄-ခုနှစ်




၂၀၀၄ ခုနှစ်မှာပဲ "လွမ်းတေးဆိုမည်" ဆိုတဲ့အခွေလေးထွက်ခဲ့ပါတယ်။

၂၀၀၄-ခုနှစ်



၂၀၀၄ ခုနှစ်မှာတော့ ကိုယ်ပိုင်သံစဉ် သီချင်းလေးတွေ ဆိုခဲ့ပါတယ်။"အမုန်းဆုံးမေ့မရသူ"တဲ့

၂၀၀၃-ခုနှစ်



၂၀၀၃ ခုနှစ်မှာတော့ ဦးရာဇာဝင်းတင့်နဲ့ "ချစ်သက်နှစ်တစ်ရာတိုင်စေ" ဆိုတဲ့ စုံတွဲခွေလေး ထွက်ခဲ့ပါတယ်။

၂၀၀၂-ခုနှစ်



၂၀၀၂ ခုနှစ်မှာတော့ နန်းတော်ရှေ့ဆရာတင်ရဲ့ သီချင်းတွေကို ပြန်လည်သီဆိုထားတဲ့ နန်းတော်ရှေ့က သံတော်ဆင့် ဆိုတဲ့အခွေလေးထွက်ခဲ့ပါတယ်။အသက်က ၁၇ နှစ်ပေါ့။

၂၀၀၀/၂၀၀၁-ခုနှစ်




၂၀၀၁ ခုနှစ် ပန်းအိ အသက် ၁၆ နှစ်မှာတော့ "မေတ္တာပေး၍ မေတ္တာမရပါ"ဆိုတဲ့ အခွေလေး ထွက်ခဲ့ပါတယ်။

၁၉၉၈-ခုနှစ်





၁၉၉၉ ခုနှစ် အသက် ၁၄ နှစ်အရွယ်မှာတော့ အင်မတန်လေးနက်ခက်ခဲလှပြီး သိမ်မွေ့သော သီချင်းများဖြစ်တဲ့ ဂီတနက်သန် ဦးစောညိမ်းနှင့် ဂီတနက်သန် ဦးအုန်းလွင်တို့ရဲ့ ဂီတနက်သန်သီချင်းများကို ပြန်လည်ခံစားသီဆိုခဲ့ပါတယ်။အရွယ်နဲ့သီချင်းကွာဟမှူကြောင့် ခက်ခက်ခဲခဲ ကြိုးစားသီဆိုခဲ့ရပါတယ်။




၁၉၉၇ ခုနှစ်မှာတော့ "အောင်ခြင်းရှစ်ပါး" ဆိုတဲ့ ဓမ္မတေးအခွေလေး ထွက်ခဲ့ပါတယ်။ပန်းအိ အသက် ၁၃ နှစ်ပေါ့။

အနုပညာ ခရီး မှတ်တမ်းများ




၁၉၉၆ ခုနှစ်၊အသက်(၁၂)နှစ်အရွယ်မှာ "စန္ဒကိန္နရီ"ဆိုတဲ့ သီချင်းခွေလေးနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ပထမ ခြေလှမ်းပေါ့နော်။ကလေး အသံလေးနဲ့ပေါ့။ဒီအခွေလေး ဖြစ်လာပုံကလည်း ဆို၊က၊ရေး၊တီး ပြိုင်ပွဲမှာ သီချင်းဆို ၀င်ပြိုင်နေတုန်း တက္ကသိုလ်တေးသံသွင်းပိုင်ရှင် ဦးထွန်းက ပန်းအိရဲ့ ကလေးအသံလေးနဲ့ ဆိုဟန်ကိုတွေ့တော့ အသံလေးကောင်းတယ်ဆိုပြီး ဒီအခွေလေးကို ထုတ်ပေးခဲ့တာပါ။
ဆိုခိုင်းတဲ့ သီချင်းတွေက အကြီးကြီးတွေပဲ။အရွယ်နဲ့တောင် မလိုက်ဖက်ခဲ့ပါဘူး။ငယ်ငယ်က ပုံလေးကြည့်ပြီးမရယ်နဲ့နော်...:)