ဖေကြီး ရေ ...
ဘယ်တွေရောက်နေပြီလဲ ဟင် ....
ဖေ့တွက်နာကျင်စရာတွေနဲ့ပဲ ပြည့်နှက်နေတဲ့ ဖေ့ရဲ့ ဇာတိချက်
ကြွေ မွေးရပ်မြေလေးက ငယ်သူငယ်ချင်းတွေဆီ သွားလည်နေခဲ့လား။
ဒါမှမဟုတ် ဖေကြီးတို့မိသားစုလေးပျော်ပျော်ရွှင်ရွှင်နေခဲ့တဲ့နယ်က
အိမ်အိုလေးဆီ အလွမ်းပြေသွားနေခဲ့တာလား။
ဖေကြီးပန်းချီတွေဆွဲခဲ့စဉ် အချိန်တွေတုန်းက တအိုးထဲတူတူစားခဲ့
ကြတဲ့ဇတ်ထဲကသူငယ်ချင်းတွေဆီရောက်နေခဲ့လား။
ပြီးတော့ဖေကြီးသိပ်လိုက်ချင်တဲ့ဖေကြီးသမီးလေးသီချင်းဆိုတဲ့
နေရာတွေရောလိုက်ကြည့်ဖြစ်သေးလားဖေ။
သားမမြင်ရတဲ့နေရာမှာဖေကြီးတစ်ယောက်ထဲ အဆင်ပြေရဲ့လား
ဖေကြီးရယ်။ အရင်လိုပဲအားငယ်နေလားဟင်။
ဖေပြောတော့ သမီလေး ဖေ့ကိုပစ်မထားနဲ့နော် ဖေကအွန်လိုင်းမှာ
ဘယ်သူနဲ့မှသိပ်ပြောဖြစ် တာမဟုတ်ဖူး သမီးလေး အားမယ့်အချိန်
လောက်မှန်းပြီးအွန်လိုင်း တက်တာ ဆိုပြီး။ ခုတော့အွန်လိုင်းမှာတား
တစ်ယောက်ထဲ အူကြောင်ကြောင်နဲ့။
သမီး ( ၇ ) လပိုင်း ပြန်လာမှာကို ဖေကြီး နဲ့ရန်နောင်ကခုထဲကတွေး
ပြီး ပျော်နေတာသမီးရဲ့ သမီးပြန်လာရင် ဖေတို့သားအဖတွေ ရွှေတိဂုံ
ဘုရားမှာတစ်နေ့လုံးသွားထိုင်ကြမယ် ...စကားတွေအများကြီး
ပြောကြမယ်... မြန်မာပြည်မှာ ၅ ရက်နေမှာဆိုဖေ့ကို သမီးရဲ့ အချိန်
တစ်ရက်ပေးရမယ်ဆိုပြီး ကတိလည်းမတည်ခဲ့ဖူးနော်။
ဘာပဲဖြစ်ဖြစ်ပါ... မေ့ကိုသမီးရင်းလေးတစ်ယောက်လိုချစ်ပြီး
စောင့်ရှောက်ပေးခဲ့တဲ့တွက်ကျေးဇူးပါဖေကြီးရေ...မေ မေ့မှာ
မဟုတ်ပါဖူး။ မေလဲအသက်အကြာကြီးရှည်ချင်မှရှည်မှာပါ... မေတို့
သားအဖနောင်ဘ၀ကျတော့မှ ဒိ့ထက်အကြာကြီးပျော်ပျော်ရွှင်ရွှင်
နေကြမယ်နော်ဖေ ။ မေကတိပေးပါတယ် မေက ဖေကြီးကို
စောင့်ရှောက်မှာပါ။
ခုတော့အေးချမ်းစွားအနားယူပါတော့ဖေရေ ပင်ပန်းလှပြီလေ ......။
ဖေကြီးအဆင်ပြေပါစေ။
မေ တတ်နိုင်သလောက်လေးနဲ့ဖေကြီးရဲ့ရက်လည်မှာ ညီမလေးပန်း
အိ လေးကိုဖုန်းဆက်အကူညီတောင်းပြီး ပါဝင်ခွင်ရတဲ့အလှူလေး
( သင်္ကန်းတစ်စုံ )အတွက် ဖေကြီးကိုအမျှဝေပါတယ်...
ပြီးတော့ဖေကြီး ဈာပန နေ့က ကိုရန်နောင် မှတဆင့် အသုဘရှု
ကြွလာတဲ့ ဖေကြီးတို့မိသားစု ဆရာတော် ကို ဖေ့ရက်လည်အတွက်
လှူခဲ့တဲ့ဝတ္ထုငွေ အတွက်လဲဖေကြီး ကိုအမျှဝေပါတယ်...
ပြီးတော့ ဖေဖေနဲ့ဖေကြီးအတွက်ရည်စူးပြီး အွန်လိုင်းလေထန်ကုန်း
ညီကိုများဦးစီးတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှခလေးများ
ရဲ့ ဗိုလ်ချုပ်မွေးနေ့လေ့လာရေး ခရီးအတွက် မေလှူတဲ့အလှူကို
လည်း ဖေကြီးကိုရည်စူးအမျှပေးဝေပါတယ်ဖေရယ် ...။
တေးသီငှက် မှ မမေသန့်ဇင် (Autumn Mtz)
နှင်.မောင်နှမများက ဖေဖေဦးသန့်ဇင်နှင့် ဖေသပြေ(ဦးအောင်ဝင်း)
အားရည်စူးပြီး အလှူတော်ငွေအနေနဲ့ ကြာဇံကြော်နှင့်အထွေထွေအတွက် အလှူတော်ငွေ
ငါးထောင် နှင့် ကလေးများမုန့်ဖိုးအတွက် အလှူတော်ငွေ ငါးထောင် စုစုပေါင်း
တစ်သောင်းကျပ်ပေးလှူကြောင်း သတင်းရရှိပါသည်ခင်ဗျား....
ကျေးဇူးအထူးတင်ရှိပါသည်....
အမျှ .... အမျှ .... အမျှ .... ရပါစေ ဖေကြီးရေ....
ရောက်ရာဘုံ ဘ၀ ကနေ သာဓု......ခေါ်ပါ .....
ဖေကြီးကောင်းရာသုဂတိရောက်ပါစေ ....။
ချစ်သမီး
မေ
ဘလော့ကာမောင်နှမများရှင် အော်တန့်မွေးစားအဖေပါ ....
အဖေရင်းကကွယ်လွန်သွားတာ ၆နှစ်ကျော်ပါပြီ
No comments:
Post a Comment